R2 - IWAA Wellness & Anti-Aging
အဖြူရောင် သစ်ခွပန်းများဘေးရှိ ကြည်လင်သောဖန်သားပေါ်တွင် ရွှေရောင်အလင်းကို ဖမ်းယူတောက်ပနေသော ပုလဲနှင့်တူသည့် ရေစက်များ

ပြန်လည်နုပျိုရေး

Exosome (အက်ဆိုဆုမ်း) သွေးကြောဆေးကုထုံး

ဆရာဝန်၏ညွှန်ကြားမှုဖြင့် ပြုလုပ်သည့် Exosomes သွေးကြောဆေးကုသမှုအစီအစဉ်ဖြစ်ပြီး၊ ပုံမှန်အားဖြင့် IV ရေဓာတ်ဖြည့်တင်းမှု အစီအစဉ်နှင့် တွဲဖက်ဆောင်ရွက်ပါသည်။

ကုထုံး

ဤကုထုံး ဆိုသည်မှာ


Exosome (အက်ဆိုဆုမ်း) များသည် Stem Cell များမှ ထုတ်လွှတ်သော အရွယ်အစားသေးငယ်သည့် အိတ်ငယ်များဖြစ်ပြီး — ဆဲလ်အချင်းချင်း ဆက်သွယ်ရာတွင် အသုံးပြုသည့် အချက်ပြမော်လီကျူးများကို သယ်ဆောင်ပေးသည်။ ၎င်းတို့ကို အဆင့်မြင့်ဓာတ်ခွဲခန်း၌ Stem Cell ပင်မဆဲလ်များအရင်းအမြစ်များမှ ပြင်ဆင်ထုတ်လုပ်ပြီး အကြောဆေးအဖြစ် အသုံးပြုသည်။

ကုသမည့်နေရာထိုင်ပေစင်တာနှင့်ခွင့်ပြုချက်ရရှိထားသော မိတ်ဖက်ဆေးခန်းများတွင်
ကုသမှုအချိန်IV အကြောဆေးသွင်းခြင်း၊ ၆၀–၉၀ မိနစ်
ကုသမှုအကြိမ်ရေပုံမှန်အားဖြင့် ၃ကြိမ်မှ ၆ကြိမ် ပြုလုပ်ပြီး တစ်ဦးချင်းစီအလိုက်ကွဲပြားနိုင်ပါသည်။
တွဲဖက်အသုံးပြုရန်တိကျစွာ စီမံထားသော IV သွေးကြောရေဓာတ်ဖြည့်တင်းမှုနှင့် ပြန်လည်နုပျိုလန်းဆန်းရေးရာ ကုသမှုအစီအစဉ်များ

ကုသမှုအစီအစဉ်ကို မည်သို့ ဆောင်ရွက်သနည်း

ကုသရန်ပြင်ဆင်မှု အဆင့်များ။

ကုသမှုအစီအစဉ်၏အစိတ်အပိုင်းအားလုံးကို ကုသပေးမည့်ဆရာဝန်ကဆုံးဖြတ်ပါသည်။


  1. 01

    အကဲဖြတ်ခြင်း & သဘောတူညီချက်

    သွေးစစ်ဆေးချက်များနှင့်အတူ ဆရာဝန်က သုံးသပ်စစ်ဆေးပေးပါသည်။ exosome (အက်ဆိုဆုမ်း) များအကြောင်းနှင့် လက်ရှိသိပ္ပံအထောက်အထားများကို ရှင်းပြပြီး၊ ကုသမှုခံယူမည့်နေရာကိုလည်း အကြောင်းကြားပေးပါသည်။

  2. 02

    ထုတ်ကုန်ပြင်ဆင်ခြင်း

    exosome (အက်ဆိုဆုမ်း) ထုတ်ကုန်များကို မှတ်တမ်းတင်ထားသည့် GMP ဓါတ်ခွဲခန်းမှ ရယူထားပါသည်။ ထုတ်ကုန်မှတ်တမ်းများကို မျှဝေပေးနိုင်ပါသည်။

  3. 03

    သွေးကြောမှတစ်ဆင့် ဖြည်းညင်းစွာ အကြောဆေးသွင်းခြင်း

    VIP သီးသန့်အခန်းတွင် မိနစ် ၆၀ မှ ၉၀ အတွင်း ၊ လိုအပ်ပါက IV ရေဓာတ်ဖြည့်ကုထုံးနှင့် တွဲဖက်ပေးပါသည်။ ကုသမှုတစ်လျှောက်လုံး ဆရာဝန်မှ စောင့်ကြည့်ကြီးကြပ်ပေးပါသည်။

  4. 04

    သုံးသပ်ချက်

    ကုသမှုတစ်ကြိမ်စီပြီးနောက် လူနာ၏ တုံ့ပြန်မှုကို ပြန်လည်သုံးသပ်ပြီးမှ နောက်တစ်ကြိမ်ကုသမှုကို စီစဉ်ပါသည်။ ပုံမှန်အားဖြင့် ၃ ကြိမ်မှ ၆ ကြိမ်အထိ ကုသမှုခံယူရပါသည်။

ဤပုံစံဖြင့် ကုသရသည့် အကြောင်းရင်း

အားသာချက်များ။


  • IV သွေးကြောဆေးသွင်းကုထုံးအစီအစဉ်များထပ်ဆင့်ပေါင်းစပ်ထားသည်

    ပုံမှန်အားဖြင့် တိကျစွာ ချိန်ညှိထားသော IV ရေဓာတ်ဖြည့်ကုသမှု သို့မဟုတ် ပြန်လည်ရေး နုပျိုလန်းဆန်းရေးအစီအစဉ်နှင့် တွဲဖက်ပေးလေ့ရှိသဖြင့်၊ ကုသမှုတစ်ကြိမ်သည် ရည်ရွယ်ချက်တစ်ခုထက်ပိုပါသည်။

  • အချိန်တိုတောင်းပြီး သီးသန့်သတ်မှတ်ထားသော ကုသမှုအစီအစဉ်

    ပုံမှန်အားဖြင့် ကုသမှုအကြိမ်ရေ ၃ ကြိမ်မှ ၆ ကြိမ်အထိ ဖြစ်ပြီး၊ သတ်မှတ်ထားသော အသင့်ပြင်Package များ ရောင်းချခြင်းမဟုတ်ဘဲ ကုသမှုကိုတစ်ဦးချင်းစီအလိုက် သီးသန့်စီစဉ်ပေးပါသည်။

  • ဆရာဝန်၏ စောင့်ကြည့်မှုအောက်တွင်

    ဆေးသွင်းမှုတိုင်းကို VIP သီးသန့်အခန်းတွင် ဆရာဝန်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပါသည်။

  • တိတိကျကျ ပြင်ဆင်မှု

    ထုတ်ကုန်ရင်းမြစ်နှင့် ပြင်ဆင်မှုဆိုင်ရာ မှတ်တမ်းများကို လူနာ၏ ဆေးမှတ်တမ်းအစိတ်အပိုင်းအဖြစ် မျှဝေပေးပါသည်။

ဆေးဝါးကုသခွင့် ရရှိသောဆေးခန်းများတွင် Exosome ကုထုံးကို ရရှိနိုင်ပါသည်။ ၎င်းသည် ပုံမှန်ဆေးကုသမှုကို အစားထိုးခြင်း မဟုတ်ပါ။ စစ်ဆေးအကဲဖြတ်ပြီးနောက်သင့်လျော်သောကုသမှုကိုတစ်ဦးချင်းအလိုက် သီးသန့်ကုသမှု ပြုလုပ်ပေးပါသည်။

မှတ်ချက်

အရင်ဆုံး ကိုယ်ခန္ဓာအတွင်းပိုင်းကိုရှင်းလင်းသန့်စင်ပြီးမှ နုပျိုရေးရာပြန်လည်ပြုပြင်မှုတည်ဆောက်ပါ။ ရောင်ရမ်းမှုနှင့် ဝန်ပိနေသော ကိုယ်ခန္ဓာစနစ်ထဲသို့ ပေးသွင်းလိုက်သော ပြန်လည်ပြုပြင်မှုဆိုင်ရာ အချက်ပြမော်လီကျူးများသည် ဖျက်စီးမည့်အနှောင့်အယှက်များကြား ရောက်ရှိသွားနိုင်သည်။

ကိုယ်ခန္ဓာအတွင်းပိုင်းကို ဦးစွာ သန့်စင်ရှင်းလင်းပြီး၊ နုပျိုရေးရာ ကုထုံးဖြင့်ပြန်လည်ပြုပြင်ခြင်း — ထို့ကြောင့် Exosome များကို တစ်ကြိမ်တည်း ကုသပေးခြင်းမဟုတ်ဘဲ သေချာရေးဆွဲထားသော IV Detox ကုထုံးအစီအစဉ်နှင့်အတူ အကြိမ်ခွဲ၍ ကုသပေးရပါသည်။


ဒေါက်တာသန်းထိုက် · R2-IWAA

နောက်တစ်ဆင့်

ဘယ်ကုသမှုက သင့်အတွက် ကိုက်ညီမှုရှိမရှိ ကိုသုံးသပ်ရန်။


ကုသမှုတိုင်းကို ဆွေးနွေးတိုင်ပင်ချိန်တွင် အတည်ပြုပါသည်။ သင့်ကျန်းမာရေးမှတ်တမ်းနှင့် ကုသမှုအစီအစဉ်ကို ပြောင်းလဲစေနိုင်သည့်သွေးစစ်ဆေးမှုရလဒ်များကို စဉ်ဆက်မပျက်ပြန်လည်သုံးသပ်ပြီး သင့်အတွက် သင့်လျော်မှု၊ ကုသမှုအချိန်နှင့် လိုအပ်ပါက နောက်ဆက်တွဲကုသမှုအကြိမ်တို့ကို သမားတော်က ဆုံးဖြတ်ပေးပါသည်။

တစ်ဦးချင်းဆွေးနွေးခြင်း

ကုသမှုအစီအစဉ်တိုင်းသည် ပြောဆိုဆွေးနွေးမှုတစ်ခုမှ စတင်ပါသည်။

ကျွန်ုပ်တို့၏ ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် သီးသန့်တိုင်ပင်ဆွေးနွေးမှု — သင့်ကျန်းမာရေးရာဇဝင်၊ သင့်ရည်မှန်းချက်များနှင့် သင့်အတွက် သင့်လျော်သည့်အရာများအပေါ် ရိုးသားပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးပါသည်။

ဆွေးနွေးတိုင်ပင်ရန်